ဒီနည်းလေးကတော့ ဖုန်းကနေ Gtalk ခေါ်ချင်သူတွေ အဆင်ပြေပါလိမ့်မယ် မော်ဒယ်
နိမ့် တဲ့ ဖုန်းတွေမှာ Gtalk ခေါ်ဖို့  VOIP စနစ်ထည့်မပေးထားပါဘူး အဲ့တာကို ပြောချင်
သုံးချင်သူတွေက အောက်မှာ ရှင်းပြထားတဲ့ နည်းအတိုင်း လိုက်လုပ်ကြည့်လိုက်ကြပါ
အဆင်မပြေဘူးဆိုခဲ့လျှင် တစ်ခုခု နားမလည်ခဲ့လျှင် မေးမြန်နိုင်ဖို့ လည်းေ မးလိပ်စာ
2ခုထည့်ပေးထားပါတယ် ဒီပိုစ်လေးကို aung575@gmail.com မှအားလုံးသိစေဖို့ 
ပြန်လည်မျှဝေပေးတာပါ အားလုံးအဆင်ပြေကြပါစေ..................မောင်(စွယ်စုံကျမ်း)
နိမ့် တဲ့ ဖုန်းတွေမှာ Gtalk ခေါ်ဖို့  VOIP စနစ်ထည့်မပေးထားပါဘူး အဲ့တာကို ပြောချင်
သုံးချင်သူတွေက အောက်မှာ ရှင်းပြထားတဲ့ နည်းအတိုင်း လိုက်လုပ်ကြည့်လိုက်ကြပါ
အဆင်မပြေဘူးဆိုခဲ့လျှင် တစ်ခုခု နားမလည်ခဲ့လျှင် မေးမြန်နိုင်ဖို့ လည်းေ မးလိပ်စာ
2ခုထည့်ပေးထားပါတယ် ဒီပိုစ်လေးကို aung575@gmail.com မှအားလုံးသိစေဖို့ 
ပြန်လည်မျှဝေပေးတာပါ အားလုံးအဆင်ပြေကြပါစေ..................မောင်(စွယ်စုံကျမ်း)
Android Phone များ Root လုပ်ခြင်း နှင့်
Talk 2 Voice Call ထည့်သွင်းနည်း
လွန်ခဲ့တဲ့ ၂-ပတ်လောက်က ဇော်မင်းသန်း(သီချ င်းများဥယျာဉ်) က သူ့ရဲ့ဘလော့မှာ မိုဒယ်နိမ့်တဲ့ Android ဖုန်းတွေအတွက် gtalk voice call ခေါ်လို့ရအာင်လုပ်နည်း ဆိုပြီး နည်းပညာပို့စ် တခုတင်
ခဲ့ပါတယ်။(၇.၂.၂၀၁၃) မှာ မောင်(စွယ်စုံကျမ်း) ကသူ့ဆိုဒ်မှာ အဲဒီပို့စ်ကို ဖေါ်ပြပေးခဲ့ပါတယ်..။
ကျွန်တော့်ဆီကိုလဲ ဇော်မင်းသန်းက သူ့ပို့စ်ကို မေးလ်နဲ့ပို့ပေးခဲ့ပါတယ်။ဖတ်ြ ကည်တော့ အဆင်တွေ
ကျော်ရေးထားတာမို့ အတော်များများနားလည်မှာမဟုတ်ဘူး လို့ထင်လိုက်ပါတယ်..။
သူ့ရဲ့ပို့စ်ထဲမှာ ကျွန်တော့်အီးမေးလ်လိပ်စာကိုဖေါ် ပြထားတာတွေ့ရပါတယ်။မောင်(စွယ်စူံကျမ်း) က
သူ့ဆိုဒ်မှာ အဲဒီပို့စ်ကို တင်ပေးလိုက်တဲ့နေ့ကစပြီး ပြဿနာ စတော့တာပါဘဲ…။add လာတဲ့အကောင့်
တွေ တနေ့ကို၅၀-ကျော်တယ်၊gtalk ကနေလဲတတုံတုံ ခေါ်လိုက်ကြတာ၊အီးမေးလ်ကလဲ တစောင်ပြီးတစောင်..။ဇော်ဝင်းမော င်ကလဲ လာသမျှမေးလ် ကို ကျွန်တော့်ဆီ Forward လုပ် ဆိုတော့ ၂-၇က်၂-ည အလုပ်ကိုလုပ်လို့မရတော့ဘူး…ရွာ လည်နေတယ်။ဇော်ထက်ကလဲမေးသမျှဲ
ကျွန်တော့်ဆီလွှဲ…။အဲဒီဇော် သုံးဇော် အလှော်ကောင်းလို့ အနော် လဲအတော်အီသွားပါတယ်။(အဲဒီ
ဇော် ၃-ဇော်ကို မဲဇာ တောင် ပို့လိုက်တာ ကောင်းမယ်)။
အဲလိုကြောင့်မရေးမဖြစ် မို့ ဒီပို့လေးကိုရေးလိုက်ရတာပါ။အြေ ခအနေတွေနဲ့အလုပ်များလို့ နည်းပညာ
ပိုင်းကိုကျွန်တော်ရေးခဲပါတယ်။ အခုလဲအတတ်နိုင်ဆုံးရှင်းလင်းအော င် ရေးထားပါတယ်…။
Android Phone Root လုပ်ခြင်း
Root ဆိုတာ (တူးဖေါ်တာ)။ဖုန်းထဲမှာရှိနေတဲ့ Apps တွေကိုသုံးလို့ရအောင် ဖေါ်ထုတ်ပေးတာပါဘဲ။
Root လုပ်နည်းအဆင့်ဆင့်
၂။extract လုပ်ထားပြီး superoneclick ကိုဖွင်လိုက်ပါ။ဘောက်တခုတက်လာ ရင် Donate
Later ကိုနှိပ်ပါ။
၃။Root လုပ်မဲ့ Android ဖုန်းကို usb cable ဖြင့် ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
ဖုန်းရဲ့ Menu>Setting>Application> Development မှာ USB Debugging ကိုအမှန်ခြစ်ပေးပါ။
နောက် Menu> setting> SD Card & Phone Storage ကိုဝင်ပြီး unmount ဟုတ်မဟုတ်စစ်ပါ။
၎။ဖုန်းကို Volume Down နဲ့ Home Buttom ကို၁၀-စက္ကန်မျှ နှိပ်ထားပါ။Warning လို့တက်လာရင်
Volume Up နဲ့ Enter Download Mode ကိုဝင်ပါ။
၅။ဖုန်းကအသင့်ဖြစ်ရင် ကွန်ပြူတာမှာဖွင့်ထားတဲ့ superoneclick ဘောက်မှ Root ကိုကလစ်ပေးပါ။
Message တခုခုတက်လာလျှင် Ok ဘဲနှိပ်ပါ။
၆။Root ပြီးသွားရင် Process စာတန်းပေါ်လာပြီး Reboot လုပ်ခိုင်းပါမယ်။Reboot လုပ်လိုက်ပါ။
၇.ပါဝါပြန်ပွင့်လာတဲ့အခါ Screen မှာ Superuser ကိုတွေရင် Root လုပ်တာOK ပါပြီ။
Talk 2 Instrall လုပ်နည်း
လိုအပ်တဲ့ဆော့ဝဲတွေကိုအရင်ဒေါင်းလုပ်ယူထားပါ။
Talkk with AV(Download)
Libtalk_jni.so(Download)
၁။ဒေါင်းလုပ်ပြီး Talk With AV ကိုဖုန်းရဲ့ SD Card ထဲမှာထည့်ထားပါ။Extsact လုပ်ထားပါ။
၂။Extract လုပ်ထားတဲ့ဖိုင်တွေထဲက Talk2.apk ကို ကြာကြာလေးနှိပ်ပြီး copy ယူပါ။
၃။ျRoot Explorer ကိုဖွင့်ပြီး /system/app ကိုဝင်ပါ။Mount R/W ကိုနှိပ်ပါ။
၎။အောက်ကဘယ်ဘက်လေးမှာရှိတဲ့ Paste ကိုကြာကြာလေးနှိပ်ပါ။
၅။အခုဆိုရင် app မှာ Talk.apk နဲ့ Talk2.apk ၂-ခုတွေ့ရမှာပါ။
၆။Talk.apk ကို Rename နဲ့ Talk.apk1 လို့ပြောင်းလိုက်ပါ။
၇။Talk2.apk ကိုကြာကြာလေးနှိပ်ပြီး Permissions ကိုရွေးပါ။
User:Read Write
Group:Read
Others;Read လို့ပြောင်းပေးပါ ။
ပြီးရင်Ok နှိပ်ပါ။
၈။Talk2.apk ကိုကြာကြာလေးနှိပ်ထားပြီး Rename ကိုရွေး၊Talk.apk လို့ပြောင်းလိုက်ပါ။
၉။SD Card ကိုပြန်လာပြီး libtalk_jni.so ကို copy လုပ်ပါ။
၁၀။ /system/lib ကိုဝင်ပါ။Mount R/W ကိုကလစ်ပါ။အဲဒီမှာ libtalk_jni.so ကို paste
လုပ်ပါ။
၁၁။libtalk_jni.so ကိုခပ်ကြကြာနှိပ်ပြီး Permissions ကိုရွေးပါ။
User:Read Write
Group:Read
Others:Read လို့ပြောင်းပေး ပါ။
၁၂။ဖုန်းကို Reboot လုပ်ပါ။
ဖုန်းပြန်ပွင့်တဲ့အခါ ဖလန်း ဖလန်း ထလို့ရပပါပြီ..။အားလုံးဘဲ လန်းကြပါစေ။
မလုပ်တတ်ရင် aung575@gmail.com နဲ့ zawmintan@gmail.com သို့ မေးနိုင်ပါ၏
No comments:
Post a Comment