Tuesday, February 25, 2014

Google Play Store v4.4.21 Latest APK


Play Store နောက်ဆုံးဗားရှင်းပါ အပ်ဒိတ်လုပ်ချင်တဲ့သူငယ်ချင်းတွေ
အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Google Play နဲ့အခြား Google Services app တွေမပါတဲ့ Huawei ဖုန်းတွေအတွက်



Google Play နဲ့အခြား Google Services app တွေမပါတဲ့ Huawei G610-U00 နဲ့အခြားဖုန်းတွေအတွက် Google Play နဲ့ အခြား Google app တွေထည့်သွင်းပေးမယ့် Flashable Zip ဖိုင်လေးပါ။ ဒီ zip ဖိုင်လေးကို ဖုန်းရဲ့ sd card ထဲထည့်ပြီးဖုန်းရဲ့ ClockwordMod Recovery (သို့မဟုတ်) Flashable application တစ်ခုခုကနေ flash လိုက်ရုံပါပဲ။ reboot ချပြီး ဖုန်းပြန်တက်လာပြီဆိုရင်တော့ Google Play app နဲ့ အခြား Google service app ( Gmail, Gtalk.. etc) စတာတွေကိုအသုံးပြုနိုင်ပါပြီ။ Android 4.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်ပါတယ်။ ဒီ zip ဖိုင်လေးကို ကိုဖြိုးညီညီ (ကျော်ကြား Electronic) မှပြုလုပ်ထားခြင်းဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
Google Play & Service flashable zip အားရယူရန်

Saturday, February 22, 2014

CDMA 450MHz Phone Firmware Backup & Restore

 
Haier , Haien နဲ့ အခြား QUALCOMM QSC 1110 CPU ကိုအသုံးပြုထားတဲ့ 450 MHz CDMA တွေမှာစဖွင့်ဖွင့်ချင်း အပြာရောင် Screen နဲ့ Factory Test Mode ဆိုတာပဲ ပေါ်တယ် နောက် Hardware ပြစ်ချက်မျိုး မဟုတ်ဘဲ Software ပြစ်ချက်ဖြစ်တတ်တဲ့ Searching Network ဖြစ်တာတွေ နောက်ထပ် Power အလိုလို ကျတာတွေ Key Pad နှိပ်လိုက်တိုင်း Power ပျောက်သွားတာတွေ စတဲ့ ပြစ်ချက်တွေကို ဖြေရှင်းလို့ ရပါတယ်။

လိုအပ်တဲ့ Software တွေကို ဒီမှာ အရင် Down ကြရအောင်…..
(1) QPST.2.7.355.zip ကို ဒီမှာ ရယူပါ။
(2) Haier C700.zip ကို ဒီမှာ ရယူပါ။
(3) Haier HC-C300 USB Driver V1.0.rar ကို ဒီမှာ ရယူပါ။
ကဲ Down ပြီးရင် စကြရအောင်။ Driver တွေမှာ Haier ဆိုပေမယ့် အကုန်လုံးအတွက်ပါ။ အားလုံး Install လုပ်ပါ။
(1) QPST Configuration ကို Run ပြီး Add New Port ကို နှိပ်ပါ။

(2) Show Serial and USB/QC Diagnostic ports only မှာ အမှန်ခြစ်ကို Enable Disable တလှည့်စီလုပ်ပေးပါ။ COM Port မှာ Drive ကိုတွေ့ ရင် COM Port ကိုရွေးပေးပါ။ Drive ကိုမတွေ့ ရင် USB ချိတ်လျှက်နဲ့  Battery ကို ဖြုတ်တပ်လုပ်ပေးပါ။ တခါတလေ COM Port မှာ Message နှစ်ခုတွေ့ တတ်ပါတယ်။ သက်ဆိုင်တဲ့ Port ကိုရွေးပေးပါ။ ပြီးရင် OK နှိပ်လိုက်ပေါ့။

(3) ဖုန်းကို Computer ကသိပြီဆိုရင် Start Client>>SOFTWARE DOWNLOAD ကိုရွေးပါ။

(4) Back Up လုပ်ဖို့ ကို အခြား အမျိုးစားတူ ဖုန်းမှ Software ကိုရယူနှိုင်ပါတယ်။ Port: နဲ့  QCN File: ကို Name နဲ့  Location မှန်အောင်ရွေးပြီး Start ကိုနှိပ်ပါ။

(5) ပြန်ရေးဘို့ ကို Backup လုပ်ထားတဲ့ 00000000_0.qcn File လေးကို အသုံးပြုမှာပါ။

(6) Restore အဆင့်မှာ စရေးပါတော့မယ်။ QCN File ကို Backup လုပ်ထားတဲ့ File ကို အသုံးပြုဘို့  Browse မှရွေးပါမယ်။ Allow phone/file ESN mismatch: Check Box ကို အမှန်ခြစ်ပါမယ်။ ပြီးရင် Start ကို နှိပ်ပါမယ်။ အပြာရောင်တန်းလေး 100% ပြည့်ရင် Software ရေးတာ Complete ဖြစ်ပါပြီ။

Credit-MMAS

Hisense cdma 450 MHz Phone Firmwares & Tool (Guide)

အရင်တင်တုန်းကတော့450MHzတွေအတွက်Qpstနဲ့ရေးရင်အဆင်ပြေတာများပါတယ်...ယ
ဒါပေမဲ့Hisense 1110 နဲ. 1100 ဖုန်းတွေကို  Qpstနဲ. ရေးရင် down load mode ပဲ ပြတာ ကို ကြုံဖူးကြမှာပါ
အမှန်တော. သူ.ကို Qpst နဲ. ရေးလို.မရပါဘူး
သူ.ကို ရေးဖို.အတွက် အခြား ကိုသုံးရမှာကိုလည်း သိကြမယ် ထင်ပါတယ်
ကျွန်တော်လည်း ဒီနည်းကို ရှာနေတာ တော်တော်ကြာပါပြီ
အခုတော.  ဒီဆော.၀ဲလေး နဲ. မိတ်ဆက်လိုက်ပါတယ် .....
ဒီနည်းလေးကိုတော့MPX ကနေပြီးတွေ့လို့ပြန်ရှယ်ပေးလိုက်ပါတယ်....
အရင်ဦးဆုံးFile တွေကိုဒေါင်းလိုက်ပါ....
ပြီးသွားရင်တော့အောက်ကပုံမှာပြထားတဲ့အတိုင်းဆက်လုပ်လိုက်ပါ....
ပြီးရင်တော့ပုံမှာပြထားတဲ့အတိုင်းDownload Mode၀င်လိုက်ပါ....

New Frozen Keyboard For Android


Frozen Keyboard လေးကို Windows Phone KB Style ပြုလုပ်ပေးထားတဲ့

Keyboard ပုံစံအသစ်လေးတွေပါ လိုအပ်သူများ ဒေါင်းနိုင်ပါတယ် ခင်ဗျာ

 http://www.mediafire.com/download/8moahpy3njbfo4b/FROZEN_KB_NEW_STYLES_HAN_ZAW_OO.zip

Sony Xperia C2305 4.2.2 Firmware


Sony Xperia C2305 4.2.2 Firmware download
C2305 4.2.2

ဖုန်း Application လေးတွေ ကိုယ်တိုင်လုပ်ကြည့်ရအောင်

How to Create Android Application.rar ( ဖုန်း Application လေးတွေ ကိုယ်တိုင်လုပ်ကြည့်ရအောင် with software, activator and pdf )




မင်္ဂလာပါ...
ကျနော်တို့ မကြာခင်မှာ Valentine Day ကို ရောက်တော့မယ်နော် ကိုယ့်ချစ်သူကို အမှတ်တရဖြစ်အောင် လက်ဆောင်လေးတွေပေးကြရအောင် မိတ်ဆွေတို့တော့ မသိဘူး ကျနော်ကတော့ ကိုယ်တိုင် ပစ္စည်းလေးတွေလုပ်ပီး ချစ်သူကို ပေးရတာ ကြိုက်တယ်ဗျ အာ့ကြောင့်မို့ သူငယ်ချင်းတို့လည်း ကိုယ့်ချစ်သူကို ကိုယ်တိုင် APK လေးဖန်တီးပီး လက်ဆောင်အဖြစ်ပေးစေချင်ပါတယ် ကိုယ်နဲ့သူ အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုပေါ့ဗျာ ကဲ စိတ်ဝင်စားသွားပီထင်တယ် စိတ်ဝင်စားရင်တော့ အောက်မှာရှိတဲ့ ဖိုင်လေးတစ်ဖိုင်ကို ဒေါင်းလိုက်ပါ size က 60 MB ရှိပါတယ် အတွင်းထဲမှာ လိုအပ်တဲ့ ဖိုင် အကုန်ပါ ပါတယ် မရေးတက်ရင် လေ့လာဖို့ အတွက်လည်း PDF File လေးပါ ထည့်ထားပေးပါတယ် ဒေါင်းလိုက်ကြပါဦးနော် အဆင်မပြေရင်လည်း ပြန်ပြောပါဦး အဆင်ပြေပါစေဗျာ.......



 Download Link  >>>Download Here

အဆင်ပြေပါစေ..

Sony Xperia SP Build 12.0.A.2.254 ကိုအလွယ်Rootပြုလုပ်နည်း

အခုနောက်ပိုင်းမှာ Sony Xperia SP တော်တော်များများမှာUpdateလုပ်ပြီးရင် VRootနဲ့မရတော့တာမျိုး
ကြုံဖူးကြမှာပါ....။ဘာလို့လဲဆိုတော့သူ့ရဲ့Build No ကပြောင်းသွားတာဖြစ်ပါတယ်....။ဒါကြောင့်Root
လုပ်လို့မရတော့တာဖြစ်ပါတယ်....။ဒါကြောင့်Rootလုပ်နည်းလေးကိုလွယ်လွယ်ကူကူရရှိနိုင်မယ့်နည်းလေး
ကိုကျွန်တော်XDA Forum ကနေပြီးတစ်ဆင့်ရှာဖွေတွေ့ရှိထားတာလေးမလို့ပြန်လည်ဝေမျှလိုက်ပါတယ်
ဒီနည်းလေးကတော့Build No ကိုပြန်နှိမ့်ပြီးRootလုပ်မယ့်နည်းလေးဖြစ်ပါတယ်....။
အရင်ဦးဆုံး XperiaSP_C530X_12.0.A.1.257_KernelOnly.ftf - 6.78 MB ဒီဖိုင်လေးကိုဒေါင်း
ပြီးင်္Flashtool FolderထဲမှFirmware Folderထဲကိုထည့်ပေးလိုက်ပါ.....။
ပြီးရင်တော့ဖုန်းကိုပါဝါပိတ်ပြီးFlashtool မှအစောကဒေါင်းထားတဲ့ဖိုင်ကိုFlashလိုက်ပါ...။
ဖုန်းကိုပါဝါပြန်ဖွင့်လိုက်ပါ...။
ပြီးရင်တော့သင်နှစ်သက်ရာRoot Toolတစ်ခုခုနဲ့Root လိုက်ပါ....
ပြီးပြီဆိုရင်တော့ဖုန်းကိုပါဝါပိတ်လိုက်ပါ...
XperiaSP_C530X_12.0.A.2.254_KernelOnly.ftf - 6.95 MBရှိတဲ့ဖိုင်လေးကိုဒေါင်းပြီးတော့
ထုံးစံအတိုင်းဖုန်းကိုပါဝါပိတ်ပြီး Flashtool ကနေပြီး runပေးလိုက်ပါ....။
Rootလုပ်ခြင်းပြီးဆုံးပါပြီ.....။
မြန်မာFontထည့်နည်း
မြန်မာစာထည့်ဖို့အတွက်ကတော့MMSD Sony Font Installer ထဲက စံပြဖောင့်ကိုရွေးပြီးinstallလုပ်
လိုက်ပါ....။MMSD Sony Font Installer မရှိသေးပါကဒီမှာယူပါ...။ မြန်မာစာကမမှန်သေးပါဘူးခင်ဗျာ...။
မြန်မာစာမှန်အောင်လို့fepfzလေးနဲ့changeလိုက်ပါ....။fepfzမရှိသေးပါကဒီမှာယူပါ....
အားလုံးအဆင်ပြေပါစေ။။။။

Sony Firmwareများကို Box မလိုဘဲ တင်နည်း


SONY ဖုန်းများအတွက် ဘာbox မှသုံးစရာမလိုဘဲ firmware တင်နည်းကို ကျွန်တော်သိသလောက်ပြန် Share ပေးပါမယ်။Firmware တင်ဖို့ အတွက် Boxမလိုပေမဲ့ Internet လိုင်းရှိဖိုတော့လိုပါတယ်။Internet လိုင်းပေါ်မူတည်ပြီးအချိန် ကြာတက်ပါတယ်။လိုင်းကောင်ရင်တော ခဏပါဘဲ ဒီကောင်က sony phone တောတောများများကို firmware တင်လိုရပါတယ်။အရင်ဆုံး Firmware တင်မယ် Software လေးကိုအရင်ဒေါင်းထားလိုက်ပါနော်။ Download<<< http://d-h.st/SVn >>> မိမိတို့ဒေါင်းထားတဲ့ exe software လေးကိုComputerမှာInstallလုပ်လိုက်ပါ။ လုပ်ပြီးသွားရင် Checking for Updates ဆိုပြီးလိုအပ်တဲ့ဟာတွေကိုသူပါတာသူInstallလုပ်ပါလိမ့်မယ်အောက်ကပုံလိုပါခင်ဗျာ....

အဲ့အစိမ်းလိုင်းလေ ပြည့်သွားရင် အောက်ကပုံလိုတက်လာရင်အောက်နားက I hereby accept the............ ဆိုတာကို အမှန်ခြစ်ပြီး Start လိုက်ပါ။

နှိပ်ပြီးသွားရင်အောက်ကပုံလို Sony Phone Model အစုံပါတဲ့ နေရာရောက်သွားမှာပါအောက်ကပုံလို မိမိ တင်ချင်တဲ့ဖုန်းမော်ဒယ်ကိုရွေးပြီးရင် သူကဘာခလုတ်နှိပ်ပြီဘယ်လို usb ကြိုးထိုရမှာလဲ ဆိုတာ ပြမှာပါ သူပြသလိုမှန်အောင်ချိတ်ပါ။

အောက်ကပုံလိုပါခင်ဗျာ ကြိုးထိုးပြီးချိတ်ဆက်မှုပြီးပြီးဆိုရင် အပေါ်ဆုံးနာက Confirm နေရာမှာ အစိမ်ရောင်အတန်တက်လာပြီရင် သူဟာသူ firmware တင်သွားပါလိမ့်မယ်။

Update နေရာမှာ အစိမ်ရောင်တန်ပြည့်သွားရင် ဖုန်းက reboot ကျပြီး Power ပြန်တက်လာရင်Firmware တင်လိုပြီးပါပြီး။ အဆင်ပြေကြပါစေနော်....

Neo Frozen keyboard for android

Neo Frozen keyboard for android (အရောင် ၆မျိုး)


အရောင်လေးတွေ တော်တော်လှတယ်နော် 
အရောင် ၆မျိုးပါပါတယ် အဲလို keyboard လေး ကြိုက်တယ်
မှတ်လား Frozenkeyboard လေးပါဘဲနော် မိမိနှစ်သက်တဲ့ အရောင်ကိုကြိုက်တာ ထားလို့ရနော်
ဒီကောင်လေးကိုလည်း ကိုဟန်ဇော်ဦးမှ ပြန်ပြင်ထားတာ ဖြစ်ပါတယ်
ဒီကောင်လေးကျတော့ ယောကျာ်းလေးကော မိန်းကလေးကော သုံးလို့ရတယ်နော်

လင့်တွေ မသေခင် ဒေါင်းထားလိုက်ကြရအောင်
Download Here >> http://www.mediafire.com/download/rkz5fc5n2pwt110/NEO+FROZEN+KB_NEW+STYLES_HAN+ZAW+OO.zip

Samsung Factory mode remover ဖြေရှင်းနည်း

Samsung Factory mode remover


အပေါ်ကပုံမှာ ဖြစ်နေတဲ့အတိုင်းလေး သင့်ဖုန်းမှာဖြစ်နေတယ်ဆိုရင်


ဖြေရှင်းပေးဖို့ အတွက် ဒီ file လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ Phone ကို USB debugging on ပေးပြီး ...

 Download ဆွဲလို့ရလာတဲ့ 

Samsung Factory mode remover.rar file လေးကို ဖြည်ပြီးလို့

ထွက်လာတဲ့ Folder ထဲက Factory_Mode_Remover.exe လေးကို Run ပေးလိုက်ပါ။

Enter တစ်ချက်ခေါက်ပေးလိုက်ပါ။

phone မှာ Reboot ကျပြီး ပြန်တက်လာရင် အဆင်ပြေသွားပါပြီ။

လိုအပ်တဲ့အချိန်အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လိုအပ်မယ်ဆိုရင်တော့.......



                          



ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက် အထောက်အကူ
ဖြစ်မယ်ဆိုရင် ကျေနပ်ပါတယ်။
..........::::: အဆင်ပြေပါစေ :::::..........

phone sim unlock လုပ်ချင်သူများအတွက်

sim unlock code ကိုတွက်ချက်ပေးမဲ့  software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို့ ဦးဏှောက်နဲ့ တော်တော်လေး တွက်ချက် ရမဲ့ အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ ဆော့ ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ ရဲ့ မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့  sim unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်....ကျွန်တော်ကတော့ ဖရီးအနေနဲ့ ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့ ....အသုံးပြု လိုတယ်ဆိုရင် အောက်မှာဒေါင်းလုပ်ယူကြပါ...ဒီနေရာမှာ SIM LOCK ဆိုတာနားမလည်သေးတဲ့ သူတွေအနေနဲ့ ကျွန်တော် ဘလော့ မှာအသေးစိတ်ရေးထားတာလေးကို ဒီမှာ ဝင်ဖတ်ပေးပါ။
လိုအပ်ချက်အနေနဲ့ ကတော့ 
==========================
1 . ROOT လုပ်ထားရပါမယ်။
2. အရင်ဆုံး sim unlock လုပ်ဖို့ အတွက်Android Terminal Emulator ကိုအရင် ဒေါင်းထားပါ။
3. မိမိတို့  ဖုန်းကို *#06# ကိုနိုပ်ပြီး IMEI နံပါတ်ကိုရှာပေးပါ 
 UN LOCK CODE ကိုတွက်ချက်ပုံ
========================= =
Terminal Emulator app ကိုဖွင့် ပြီး
 su [enter]

strings -n 8 /dev/block/mmcblk0p6[enter] ကိုနိုပ်ပေးပါ။ ဒါဆိုရင် မိမိရဲ့  IMEI 
နံပါတ်ပါတာတစ်ခုကိုတွေ့ ရပါလိမ့် မယ်... [ဥပမာ] UN_Lock_code = 063312345 
မျိုးပေါ်လာပါလိမ့် မယ်.
  
ဒါဆိုရင်တော့  ....UNLOCK ကုဒ်ရပါပြီ။......
 ဒီဆော့ ဝဲလေးကို မိမိတို့  pc မှာ install လုပ်ထားပေးပါ...ဖုန်းနှင့် ချိတ်စရာမလိုပါဘူးခင်ဗျာ...
အပေါ်က UN LOCK CODE နေရာမှာမိမိတို့ ရရှိထားတဲ့ ကုဒ်ကို  ဖြည့် ပေးလိုက်ပါ..အောက်မှာ IMEI နံပါတ်ကို နောက်ဆုံး ( ၇ ) လုံးကိုထည့် ပေးလိုက်ပါ။
ပြီးရင် OK နိုပ်တာနှင့် .....အောက်မှာ SIM UNLOCK ကုဒ်ထွက်ပေါ်လာပါလိမ့် မယ်....
မိမိတို့ ဖုန်းကို SIM UNLOCK လုပ်ဖို့ အတွက်ဖုန်းကိုပါဝါပိတ်ပြီး  SIM CARD 
ကိုထုတ်လိုက်ပါ။။။ နောက်မိမိအသုံးပြုလိုတဲ့  SIM CARD ကိုထည့်  လိုက်ပါ...ပြီးရင် အပေါ်က ရထားတဲ့  
SIM UNLOCK ကုဒ်ကိုရိုက်ထည့် ပေးလိုက်ပါ........ဖုန်း REBOOT 
ကျပြီးပြန်တာလာတာနှင့် မိမိတို့ ဖုန်းကိုအသုံးပြုလို့ ရပါပြီ...


ဒီပိုစ်လေးကို အမြဲသိမ်းထားချင်တယ်ဆိုရင် ဒီမှာ ဒေါင်းပါ။

All in One ZTE Root



ZTE ဖုန်းတွေကို လွယ်လွယ်လေး Root လုပ်လို့ရဖို့ရည်ရွယ်ပြီး ဖန်တီးထားတာပါ။သင်ကြားပေးသော ဆရာများ နှင့် ကူညီပေးသောညီငယ်လေးကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်။
စမ်းသပ်ပြီး၍ % ပြည့်အာမခံပါသည်။

မိမိဖုန်းကို Computer မှာ ကြိုးထိုးပြီး ဖုန်းအမျိုးအစားကိုရွေးပြီး Enter နှိပ်ပေးလိုက်ရင်အစဉ်ပြေပါပြီ။
အားလုံးပဲ ZTE ဖုန်းတွေကို လွယ်လွယ်လေး Root နိုင်ကြပါစေ....


Huawei U2800 Keypad လေး Firmware ပြန်တင်ရအောင်



အရင်ဆုံးအောက်မှာပေးထားတဲ့ဖိုင်လေးကိုdown လိုက်ပါ...

Down လို့ ရတဲ့ ထဲမှာ Doc နဲ့ Ver ပါပါတယ်

SD Card Format ချပါ Folder ဆောက်ပြီး update လို့ နာမည်ပေးပါ

Ver Folder ထဲက File တွေအားလုံး update Folder ထဲထည့်ပါ

Phone ကို 8+Power တွဲနှိပ်ပါ

သူ့ပါသူအလုပ်လုပ်သွားပါလိမ့်မယ်

အဆင်ပြေကြပါစေခဗျာ...


Download Here 

Huawei G700-U00 အား Rooting ပြုလုပ်ခြင်းနှင့်မြန်မာစာသွင်းခြင်း


Huawei တွေခုနောက်ဆုံးထွက်တွေကတော့Softwareကိုကိုမမတွေအတွက်အဆင်တော်တော်ပြေမယ်
ထင်တယ်ဗျ။ကျွန်တော်ရှိကိုဒီနေ့ဘဲအသစ်ရောက်လို့ဆိုပြီးစမ်းလိုက်တာတော်တော်လေးအဆင်ပြေတယ်

Rootလုပ်ရတာကလည်းလွယ်လွန်းလို့ဗျာ။VRootလေးနဲ့ပါဘဲဗျာ။Vrootကိုတော့ ဒီမှာ အရင်ဒေါင်းပါ။
ရှိပြီးသားဆိုရင်တော့One Clickလေးနဲ့Rootလုပ်လိုက်ပါ။ပြီးရင်တော့Fontတွေထည့်ပါတော့မယ်။
အောက်ကဖိုင်လေးတွေကိုဒေါင်းထားလိုက်ပါ။
Fontကိုinstallလုပ်တာကလည်းလွယ်ပါတယ်။G520S,G610Sတို့လိုပါဘဲ။ကဲစလိုက်ပီပေါ့.......
Rootingပြုလုပ်ပြီးရင်တော့Rootexplorerကိုinstallလုပ်ပါ။
ပထမFontဖိုင်လေးကိုinternal storageထဲကိုထည့်ပါ။
အဲဒါပြီးရင်တော့Rootexplorerကိုဝင်ပြီးခုဏကinternel storageထဲကfontsဖိုင်ကိုဖိုင်လိုက်
copyကူးပြီးSystem>>fontsဖိုင်နေရာမှာအစားထိုးReplaceလုပ်လိုက်ပါ။
ကူးလို့ပြီးသွားတဲ့အခါတရုတ်စာတွေ(သို့)ဘာမှန်းမသိတဲ့စာလုံးတွေပေါ်ပါမယ်။
ဘယ်မှပြန်မထွက်ဘဲPowerခလုတ်ကိုနှိပ်ပြီးပိတ်ပစ်လိုက်ပါ။ပြီးရင်ပြန်ဖွင့်ပါ။
ပြန်တက်လာသေးရင်ပထမအဆင့်ပြီးသွားပါပြီ၊တက်မလာရင်တော့ဖန်းဖန်းပြန်ရေးရပါမယ်....
ပြန်တက်လာရင်တော့နောက်ဆုံးအဆင့်ရောက်ပါပြီ...အစောကဒေါင်းထားတဲ့Huawei Fontဖိုင်လေးကို
zipဖြည်လိုက်ပါ၊ပြီးရင် internal storageထဲကိုcopyကူးထည့်ပြီးRootexplorer ကိုဖွင့်ပါ။
အစောကzipဖြည်ထားတဲ့ဖိုင်ထဲကSanpya.ttf ဖိုင်လေးကိုSystem>>fontsဖိုင်ထဲကိုcopyကူးထည့်ပါ။
fallback_fonts.xml ဖိုင်ကိုတော့ system>>etcဆိုတဲ့ဖိုင်ထဲကိုcopyကူးထည့်လိုက်ပါ။
ပြီးရင်powerခလုတ်ကိုနှိပ်ပြီးrestartလုပ်လိုက်ပါ။ပြန်တက်လာရင်Frozen keyboard ထည့်ြ့ပီးရိုက်ပါ
frozen keyboard 1.1.3နဲ့ပိုပြီးအဆင်ပြေတယ်ဗျ။
အားလုံးဘဲအဆင်ပြေမယ်လို့ထင်ပါတယ်.........

Wednesday, February 19, 2014

JXD Tablet Firmware တင်နည်း


JXD Tablet S11 Logo မှာ ရပ်နေပြီး ဘာမှ တက်မလာတာနဲ့ Firmware ပြန်တင်ဖို့ တရုတ်ဆိုဒ်တွေမှာ လည်ရှာထားတာပါ။
ဒီလို အလားတူပြသနာတက်ပြီး ဘာလုပ်ရမှန်း မသိတဲ့သူငယ်ချင်းတွေ။ တရုတ်ဆိုဒ်တွေကြားမှာ ခေါင်းမမူးတော့အောင် JXD tablet Firmware တင်နည်းကို တင်ပြလိုက်ပါတယ်။
JXD အတွက် သက်ဆိုင်ရာ Firmware တွေကို ဒေါင်းပါ။ တော်တော်များများကတော့ ဒီနေရာမှာ ရှိတတ်ပါတယ်။
(တရုတ်လို မဖတ်တတ်ရင် Google Translate ကိုသုံးပါ။ Google Chrome သုံးရင်တော့ တိုက်ရိုက်ပြောင်းပေးပါလိမ့်မယ်။)
JXD Tablet Firmware ပြန်တင်ဖို့ အတွက် Live Suit ကို ရယူပါ။
LiveSuit ကို Download ရယူရန် ဒီနေရာကိုနှိပ်ပါ။
အခုပြန်တင်ထားတာက JXD tablet S11 ပါ။ အဲဒီအတွက် firmware ကတော့ ရှာထားပြီးသားမို့လို့ တင်ပေးထားပါတယ်။
JXD tablet S11 + LiveSuit ကို ဒေါင်းလုပ်ရန်

Firmware တင်ပုံတင်နည်းကတော့

(၁) Zip ဖိုင်ကိုဖြည်လိုက်ပါ။
(၂) ဖိုင်ဖြည်ပြီးသွားရင် LiveSuitPack_version_1.09_20120301.exe ကိုနှိပ်လိုက်ပါ။
(၃) Language မေးရင် English ကိုရွေးပါ။
(၄) Driver Install လုပ်မလားမေးရင် Install Anyway ကိုရွေးပေးပါ။
(၅) ပြီးရင် LiveSuit.exe ကို ဖွင့်ပါ။
(၆) boxအလွတ် တစ်ခုကျလာရင် အမှားနှိပ်ပြီးသာပိတ်ပါ။ တကယ်ကတော့ အဲဒီနေရာမှာ တရုတ်စာတွေနဲ့ ပေါ်တယ်။

(၇) ဒေါင်းလုပ်လုပ်ထားတဲ့ .img နဲ့ဆုံးတဲ့ image ဖိုင်ကိုရွေးပေးပါ။ (တစ်နည်းအားဖြင့် firmware ဖိုင်)

(၈) ပြီးရင် မိမိရဲ့ JXD Device ကို ပါဝါပိတ်ပါ။ ပြီးရင် Menu Key ကို ဖိပြီး ကြိုးတပ် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ တစ်ပြိုင်တည်းမှာပဲ Power Button ကို 6 ချက်နှိပ်ပေးပါ။
3 ချက်လောက်မှာ Driver Install ဆိုပြီး ကွန်ပျူတာရဲ့ ညာဘက်အောက်ခြေထောင့်မှာ တက်လာပါလိမ့်မယ်။ ပြီးရင် သူ့ဖာသာသူပဲ LiveSuit မှာ ရာခိုင်နှုန်းလေးတက်ပြီး တင်နေတာကို တွေ့ရမှာပါ။

အားလုံးပြီးသွားရင်တော့ စက်ကျသွားပြီး ပြန်တက်လာရင်တော့ မိမိရဲ့ JXD Device လေးမှာ တရုတ်ကနေ အင်္ဂလိပ်စာ ပြောင်းပြီး သုံးလို့ရပါပြီ။ စက်ပြန်တက်တဲ့အချိန်က 10 မိနစ်ကြာနိုင်ပါတယ်။

Momo8,Momo9,Mono11 Tablet တွေ ကို firmware ပြန်တင်ကြမယ်

မင်္ဂလာပါ ခုဖော်ပြပေးမဲ့နည်းလေးက chat box က အကိုတစ်ယောက်တောင်းထားလို့ Momo8,Mono9,Mono11  tablet များကို firmware ပြန်တင်နိုင်မဲ့နည်းလမ်းလေးပါ။ ကျွန်တော်တော့ တင်ဖူးပါတယ် တော်တော်လေးကြာနေပါပြီ ခုမှ တောင်းဆိုထားတာနဲ့ ကြုံလို့ ရေးဖြစ်သွားတာပါ မသိသေးတဲ့သူငယ်ချင်းများအတွက်လည်း အကျိုးရှိမဲ့လို့မျှော်လင့်ပါတယ်။ ဘာမှ မလုပ်ခင်မှာ လိုအပ်မဲ့ data လေးတွေ တောင်းလိုက်ကြမယ်နော်....
Driver
>> Download <<
Livesuit
>> Download <<
Mono 8 bird version 4.0.4 -20,120,717 Firmware
>> Download <<
အားလုံးဒေါင်းပြီးသွားရင်တော့ စကြမယ်နော် .. Tab ကို အားပြည့်အောင်သွင်းထားပြီး ပါဝါပိတ်ထားလိုက်ပါ။
Driver အရင်ဆုံး သွင်းပါ့မယ်။ အကောင်းဆုံးသွင်းနည်းကတော့ ကောင်းနေတဲ့ momo tab တစ်လုံးကို
unknow source နဲ့ Debug on ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ Driver မသိရင် ပေးထားတဲ့အထဲက Pda net ဆိုတာလေးကို တင်လိုက်ပါ driver သိသွားပါလိမ့်မယ် ။ driver သိသွားပြီဆိုရင်တော့ ကောင်းနေတဲ့ tab မလိုတော့ပါဘူး။ 
ကောင်းနေတဲ့ tab ကို driver သွင်းရန် စတပ်တဲ့အနေအထားပါ။ မသိဘူးဆိုရင်တော့ အောက်က အဆင့်တွေ ဆက်လုပ်ပါ့မယ်။
pad net ကို install လုပ်ပါ့မယ်။




အားလုံးတင်ပြီးသွားလို့ tab ကို ကွန်ပျူတာက မသိဘူးဆိုရင်တော့ ကွန်ပျူတာကို Restart ချလိုက်ပါ ပြန်တတ်လာရင်သိပါပြီခင်ဗျာ ... :D
နောက်တစ်ဆင့်အနေနဲ့ Tab ကို Firmware ပြန်တင်ပေးမဲ့ livesuit ကို Install လုပ်လိုက်ပါ။ လုပ်ပြီးသွားရင်တော့  livesuit ဖိုဒါထဲမှာ firmware img ဖိုင်ကို သွားထည့်ပေးထားပါ။ ခုတင်ပေးထားတဲ့ firmware မိမိရဲ့ tablet firmware က ကိုက်ညီမှုမရှိဘူးဆိုရင်တော့ firmware အမှန်ကို သွားဒေါင်းပါခင်ဗျာ ။ firmware အမှန်ဒေါင်းနည်းကတော့ tab ရဲ့ နောက်ကျောကိုကြည့်ပါ။ momo8 နောက်က တရုတ်စာကိုကြည့်ပြီး စာလုံးတူရင်ဒေါင်းလို့ရပါပြီ တရုတ်စာတော့မတတ်ဘူးပေါ့နော် စာလုံးချင်းတိုက်ကြည့်ပြီး တူတဲ့ ဟာကိုသာဒေါင်းပါ ကျွန်တော်တော့ အဲဒီနည်းလမ်းနဲ့ အလုံးတော်တော်များများ တင်ဒါအဆင်ပြေပါတယ်။ ဒေါင်းရမဲ့ ဆိုက်လိမ်စာကတော့ ployer.cn ပါ။
ခုဆိုရင် livesuit install လုပ်နည်းလေးနဲ့ fimware သွားထည့်ရမဲ့နေရာကို ပြောပြပါ့မယ် အတတ်နိုင်ဆုံး ရှင်းရှင်းလေးလေး နဲ့ နားလည်အောင်ကြိုးစားပြီး ရေးပေးပါ့မယ် လိုအပ်ချက်များရှိရင်လည်းခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေခင်ဗျာ။
livesuit ကို zip ဖြည်လိုက်ပါ။ ရလာသောဖိုင်ကို C အောက်မှာသွားထားလိုက်ပါ။အထဲမှာပါတဲ့အထဲက သုံးမျိုးကို တဆင့်ချင်းလုပ်ဆောင်ပါ။
 


ဒေါင်းထားတဲ့ firmware img ကိုပါ livesuit folder ထဲက update ဖိုဒါထဲကိုထည့်ထားလည်းရပါတယ်။
firmware တင်ဖို့ပြင်ဆင်ပါတော့မယ် စက်မှာ run ထားတဲ့ anti virus ဆော့ဝဲလ်များရှိရင် ပိတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။
livesuit icon လေးကို အရင်ဆုံးဖွင့်လိုက်ပါတယ် seleted img ကို နှိပ်ပြီး firmware ကိုရွေးပါ။



 livesuit ထဲကို firmware img ထည့်ပြီးသွားရင်တော့ အားအပြည့်သွင်းပြီးပါဝါပိတ်ထားသော firmware ပြန်တင်မဲ့ tab ကို Vol + နှိပ်ပြီး ကွန်ပျူနဲ့ချိတ်ပါ ခလုပ်လွတ်လို့မရပါဘူးခင်ဗျာ။ ခဏတော့စောင့်ပါ Driver သိမသိ ကြည့်လိုက်အုံး Driver သိပြီးသားဆိုရင်တော့ ပါဝါခလုပ်ကို ၁၀ ချက်နှိပ်ပေးလိုက်ပါ။ vol + ကိုနှိပ်ထား ရင်းနဲ့ ပါဝါခလုပ်ကိုပါ နှိပ်ပေးရမှာပါ။ ပါဝါခလုပ်ကိုနှိပ်တဲ့နေရာမှာလည်း အရမ်းမနှေးပါစေနဲ့ ခပ်မြန်မြန်လေး မှတ်ပြီး ၁၀ ချက်နှိပ်လိုက်ပါ။ menu ခလုပ်ပါသော momo Tablet များကိုတင်ရင်တော့ menu ခလုပ်ကို ဖိပြီးကွန်ပျူတာနဲ့ချိတ်ရမှာပါ ။momo8 မှာ menu ခလုပ်ကိုနှိပ်ပြီး ထိုးပါ။ momo9 ဆိုရင်တော့ vol + နှိပ်ပြီး ထိုးပါ။ ကျန်တာတွေကတော့ ဒီနည်းလေးအတိုင်းပါပဲ momo အားလုံးကိုတင်လို့ရပါတယ် ကျွန်တော် momo 11 အထိတင်ပြီး စမ်းပြီးသားမို့ စိတ်ချလက်ချလုပ်ဆောင်နိုင်ပါတယ်။ တင်ချင်တဲ့ firmware ကိုတော့ ployer.cn မှာစိတ်ကြိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ နောက်ကျောက တရုပ်စာလေးကြည့်ပြီးတော့သာဒေါင်းပါ အဆင်ပြေပါတယ်။
 အပေါ်ကပုံမျိုးလေးပေါ်လာရင်တော့ firmware တင်လို့ရပါပြီ မပေါ်ရင်တော့ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ပါ။ ရသွားရင်တော့ အောက်အဆင့်တွေ ဆက်လက်လုပ်ဆောင်လုပ်ပါ။


  ခုလိုမျိုးလေးပေါ်လာရင်တော့ firmware တင်တာအောင်မြင်ပါပြီ firmware မှားတင်မိရင်လည်း ပြသနာမရှိပါဘူး မှန်တဲ့ firmware ပြန်ရှာပြီး ဒီနည်းလေး အတိုင်းပြန်တင်လိုက်ပါ။ အားလုံးအဆင်ပြေသွားမှာပါ။ ခုလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံး အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ လာရောက် အားပေးကြတဲ့သူငယ်ချင်းအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။