Showing posts with label Android Problem များ. Show all posts
Showing posts with label Android Problem များ. Show all posts

Tuesday, May 20, 2014

Android မှာပေါ်တဲ့ Safe Mode

Screenshot_2013-08-29-14-07-58.jpg 



Credit to - နည်းပညာတက္ကသိုလ် ( မကွေး )

Phone မှာ software/Game တွေအထည့်များပြီး Force Close တွေပေါ်၊ Uninstall လုပ်ဖို့ကလဲ ဖုန်းက ကောင်းကောင်း အလုပ်မလုပ်၊ ဟိုဟာနှိပ်လဲမရ ဒီဟာနှိပ်လဲမရတဲ့သူတွေ အတွက်။ Safe Mode ထဲဝင်ပြီး Uninstall လုပ်ကြည့်ပါ။ Safe Mode ထဲမှာ System အတွက် လိုအပ်တာတွေပဲ အလုပ် လုပ်ပါတယ်။ ထပ်ပြီးထည့်ထားတဲ့ software/Game တွေကအလုပ် မလုပ်တော့ပါဘူး။ App Drawer ထဲမှာလဲ မတွေ့ ရတော့ပါဘူး။ Setting ထဲဝင်ပြီး Uninstall လုပ်ကြည့်ပါ။ ကွန်ပျူတာက Windows Safe Mode နဲ့ သဘော သဘာဝ တူပါတယ်။


Samsung Galaxy S4 Safe Mode:
1. Turn off the device.
2. Press the power button to turn it on.
3. When the screen turns up keep tapping the soft Menu key that is left to the Home button till the device
boots up.

Safe Mode on Galaxy S3, Note 2 and Others:
This is the most common way of booting Galaxy Devices into Safe Mode:
1. Turn off the phone.
2. Press the Power key to restart it.
3. When you see the Samsung Logo screen, press and hold the Volume Down key till the device boots up.

Safe Mode on HTC One, One X and Other Devices:
HTC devices have a common method of entering the Safe Mode. I have tested it on HTC One.
1. Turn fastboot off in your power settings.
2. Switch off the device.
3. Power it on
4. Once you see the HTC splash screen, press and hold the Volume Up key till the phone boots up in Safe
Mode.
On some HTC devices like Desire S, you need to press the Volume Down key instead.

Safe Mode on Nexus 4 and Other Device:
If you got a Google Nexus device or have installed an AOSP, AOKP or CyanogenMod based custom ROM, you
can get into Safe Mode as described below. This method works on most devices with Jelly Bean.
1. Press & hold Power button
2. It’ll bring up Power off/Reboot options
3. Then press & hold the “Power Off” option
4. It’ll ask for your confirmation to boot device into Safe Mode.
5. Tap OK button.


Safe Mode on Motorola Devices:
1. Power the device off.
2. Power the device on.
3. When the Motorola splash screen appears, press and hold Volume Up /Down keys simultaneously.
4. Continue to hold the Volume Up & Down keys until Safe mode appears in the lower left corner of the
screen.

***How to Exit Safe Mode:***
Exiting Safe Mode on most Android devices is as easy as powering off and then turning them on. However,
there are a few devices on which you will have to hold the button combination you used to enter Safe
Mode to exit it. There are some other devices that require you to press and hold the volume down key to
boot device normally.


Orginal Link: http://www.droidviews.com/how-to ... ces-into-safe-mode/


အဆင်ပြေပါစေ..


Post by zaw win htwe

Friday, May 16, 2014

Android ဖုန်းတွေမှာ Pattern / Pin lock ကျနေတာကို ဖျက်မယ်



 မိမိတို့ရဲ့ Android ဖုန်းတွေမှာ Pattern / Pin lock တွေမေ့သွားရင်ပဲဖြစ်ဖြစ် Google Accounts တွေတောင်းနေရင်ပဲဖြစ်ဖြစ်  ဘာမှစိတ်မပူပါနဲ့ 3 မိနစ် အတွင်းနဲ့ အပြီးဖြည်ပေးမည့ှ်Software လေးကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ဒီ ဆော့ဝဲလ်လေးက BAT Group မှကို Zahtet Ni ရေးသားထားသော Software လေးဖြစ်ပါတယ်...။
BAT Group မှကို Zahtet Ni ကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ Credit လည်းပေးပါတယ်ခင်ဗျာ။


 လိုအပ်သောဆော့ဝဲလ်ကို အောက်မှာကလင့်မှ ဒေါင်းလုပ်ဆွဲလိုက်ပါ ...ဒေါင်းလို့ရတဲ့ rar ဖိုင်လေးထဲမှ Remove Pattern Lock & AllAccount .exe ဖိုင်ကိုRunလိုက်ပါ ။ ဒီဆော့ဝဲလ်ကို အသုံးပြုဖို့အတွက်
မိမိတို့ဖုန်းဟာ Root ဖေါက်ပြီးသားဖြစ်ရပါမယ်။
ပြီးရင်တော့ USB debugging နဲ့ Unknown sources ကိုအမှန်ခြစ်ပြီး ဖုန်းကို ကွန်ပျူတာနဲ့
ချိတ်လိုက်ပါ။ ဖုန်း Drvier ကိုကွန်ပျူတာကသိပါစေ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ Pattern Lock ကို  ကလစ်တချက်နှိပ်လိုက်ပါ
သူ့ဘာ့သူ အလုပ်လုပ်ပြီး Pattern Lock ကို ဖြည်သွားပါလိမ့်မယ်။ ပြီးသွားရင်တော့ ဖုန်းက Reboot ကျသွားပါလိမ့်မယ်။ လိုက်ကောက်မနေပါနဲ့...... :P
ဖုန်းပြန်ပွင့်လာရင်တော့ ဖုန်းမှာ မည်သည့် Pattern & Pin Lock လုံးဝ(လုံးဝ) မရှိတော့တာကိုတွေ့ရပါမယ်ခင်ဗျာ။
အကယ်၍များ Pattern & Pin Lock အနှိပ်များပြီး G Mail အကောင့်တောင်းလာပါက
 အောက်က All Account ကိုနှိပ်ပေးလိုက်ပါ .....

Saturday, February 22, 2014

Samsung Factory mode remover ဖြေရှင်းနည်း

Samsung Factory mode remover


အပေါ်ကပုံမှာ ဖြစ်နေတဲ့အတိုင်းလေး သင့်ဖုန်းမှာဖြစ်နေတယ်ဆိုရင်


ဖြေရှင်းပေးဖို့ အတွက် ဒီ file လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ Phone ကို USB debugging on ပေးပြီး ...

 Download ဆွဲလို့ရလာတဲ့ 

Samsung Factory mode remover.rar file လေးကို ဖြည်ပြီးလို့

ထွက်လာတဲ့ Folder ထဲက Factory_Mode_Remover.exe လေးကို Run ပေးလိုက်ပါ။

Enter တစ်ချက်ခေါက်ပေးလိုက်ပါ။

phone မှာ Reboot ကျပြီး ပြန်တက်လာရင် အဆင်ပြေသွားပါပြီ။

လိုအပ်တဲ့အချိန်အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လိုအပ်မယ်ဆိုရင်တော့.......



                          



ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက် အထောက်အကူ
ဖြစ်မယ်ဆိုရင် ကျေနပ်ပါတယ်။
..........::::: အဆင်ပြေပါစေ :::::..........

phone sim unlock လုပ်ချင်သူများအတွက်

sim unlock code ကိုတွက်ချက်ပေးမဲ့  software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို့ ဦးဏှောက်နဲ့ တော်တော်လေး တွက်ချက် ရမဲ့ အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ ဆော့ ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ ရဲ့ မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့  sim unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်....ကျွန်တော်ကတော့ ဖရီးအနေနဲ့ ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့ ....အသုံးပြု လိုတယ်ဆိုရင် အောက်မှာဒေါင်းလုပ်ယူကြပါ...ဒီနေရာမှာ SIM LOCK ဆိုတာနားမလည်သေးတဲ့ သူတွေအနေနဲ့ ကျွန်တော် ဘလော့ မှာအသေးစိတ်ရေးထားတာလေးကို ဒီမှာ ဝင်ဖတ်ပေးပါ။
လိုအပ်ချက်အနေနဲ့ ကတော့ 
==========================
1 . ROOT လုပ်ထားရပါမယ်။
2. အရင်ဆုံး sim unlock လုပ်ဖို့ အတွက်Android Terminal Emulator ကိုအရင် ဒေါင်းထားပါ။
3. မိမိတို့  ဖုန်းကို *#06# ကိုနိုပ်ပြီး IMEI နံပါတ်ကိုရှာပေးပါ 
 UN LOCK CODE ကိုတွက်ချက်ပုံ
========================= =
Terminal Emulator app ကိုဖွင့် ပြီး
 su [enter]

strings -n 8 /dev/block/mmcblk0p6[enter] ကိုနိုပ်ပေးပါ။ ဒါဆိုရင် မိမိရဲ့  IMEI 
နံပါတ်ပါတာတစ်ခုကိုတွေ့ ရပါလိမ့် မယ်... [ဥပမာ] UN_Lock_code = 063312345 
မျိုးပေါ်လာပါလိမ့် မယ်.
  
ဒါဆိုရင်တော့  ....UNLOCK ကုဒ်ရပါပြီ။......
 ဒီဆော့ ဝဲလေးကို မိမိတို့  pc မှာ install လုပ်ထားပေးပါ...ဖုန်းနှင့် ချိတ်စရာမလိုပါဘူးခင်ဗျာ...
အပေါ်က UN LOCK CODE နေရာမှာမိမိတို့ ရရှိထားတဲ့ ကုဒ်ကို  ဖြည့် ပေးလိုက်ပါ..အောက်မှာ IMEI နံပါတ်ကို နောက်ဆုံး ( ၇ ) လုံးကိုထည့် ပေးလိုက်ပါ။
ပြီးရင် OK နိုပ်တာနှင့် .....အောက်မှာ SIM UNLOCK ကုဒ်ထွက်ပေါ်လာပါလိမ့် မယ်....
မိမိတို့ ဖုန်းကို SIM UNLOCK လုပ်ဖို့ အတွက်ဖုန်းကိုပါဝါပိတ်ပြီး  SIM CARD 
ကိုထုတ်လိုက်ပါ။။။ နောက်မိမိအသုံးပြုလိုတဲ့  SIM CARD ကိုထည့်  လိုက်ပါ...ပြီးရင် အပေါ်က ရထားတဲ့  
SIM UNLOCK ကုဒ်ကိုရိုက်ထည့် ပေးလိုက်ပါ........ဖုန်း REBOOT 
ကျပြီးပြန်တာလာတာနှင့် မိမိတို့ ဖုန်းကိုအသုံးပြုလို့ ရပါပြီ...


ဒီပိုစ်လေးကို အမြဲသိမ်းထားချင်တယ်ဆိုရင် ဒီမှာ ဒေါင်းပါ။

Thursday, February 13, 2014

Huawei G 610-U00 Safe Mode Error


Huawei G 610-U00 Safe Mode Error ကို ကျွန်တော် ဖြည်နိုင်ခဲ့တဲ့ နည်းလမ်းလေးကို ပြောပြချင်လို့ပါဗျာ သိပြီးတဲ့အကိုတွေ ကျော်ဖတ်လိုက်ပါနော် …မသိသေးတဲ့ အကို ညီများအတွက်ပါ …ကိုယ်တွေ ဖြေရှင်းခဲ့တဲ့ နည်းလေးမို့လို့ တင်ပေးလိုက်တာပါဗျာ
၁ ဒီ error က Vol – ကြောင့်ဖြစ်တာပါ …..နောက်ဆုံး ဖန်းဝဲ ပြန်တင်တာတောင် Safe Mode နဲ့ ပဲ ပြန်တက်လာပါတယ် ….အဲဒါနဲ့ ဟိုမေးဒီမေးဟိုကြည့်ဒီကြည့် နဲ့ပဲ Safe Mode ပျောက်သွားတာပါ
pw & vol – တွဲနှိပ်ရင် new ..safemode old…risk ဆိုပေါ်လာတာကိုတွေ့ရမှာပါ
ဆိုတော့ ၁ ဘတ်ထွီဖြုတ်လိုက်ပါ
၂ ပြန်တပ်ပြီးပါဝါဖွင့် W 3G ဆိုပေါ်လာခဲ့ရင် vol – လေးဖိထားလိုက်ပါ …..နောက်ဆုံးlock screen ရောက်သွားခဲ့ရင် safe mode ပျောက်သွားတာကိုတွေ့ရမှာပါ …..
ကျနော်စမ်းသပ်အောင်မြင် ပြီးဖြစ်တဲ့အတွက် သေခြာသလောက်ပါပဲဗျာ။

Wednesday, February 12, 2014

အားသွင်းလွန်၍ စက်မနိုးတော့သည့် Glaxy S4

အားသွင်းလွန်၍ စက်မနိုးတော့သည့် Glaxy S4 စက်ပြင်မှတ်တမ်း ( မြန်မာလို Ebook )

 
Credit to - U Maung Naing

အမျိုးအစား  -  စက်ပြင်မှတ်တမ်း ( မြန်မာpdf )
ရေးသားသူ    -    ဦးမောင်နိုင်
အရွယ်အစား  -    303KB


Download => Mediafire / Solidfiles

Thursday, February 6, 2014

Samsung Phone က ဘက်ထရီမခံလို့ စိတ်ညစ်နေသူများအတွက်နည်းလမ်း




ဒီနည်းလေးကို သုံးကြလားမသိ ။ ဖုန်းက ဘက်ထရီ ခဏခဏ ကုန်နေသူများအတွက်

အထိုက်လျောက် ပြေလည်စေမယ့် နည်းပါ လက်တွေ့ အနေနဲ့ ကျနော်ကိုယ်တိုင်ပါပဲ

သွားလေရာ အားသွင်းဖို့ Charging ယူ စားသောက်ဆိုင် ကားဂိတ်ပါမကျန်  သွင်းရပြီး

အလုပ်ထဲတစ်ခု  အိမ်တစ်ခု  Charging ထားရတဲ့ ဒုက္ခက  အတော်လေး  သက်သာပြီ

ဆိုင်က၀ယ်လာတဲ့အတိုင်းသာ မပြင်ရင်  ဖုန်းက  ခဏခဏအားကုန်တယ်။ အဲ့တော့

အရေးကြောင်းဆို  ဖုန်းက အားမရှိဘူး ။ အသည်းသန်ချက်တင်လုပ်နေရပီဆို ကုန်ပီ

ဒီနည်းကတော့ အလင်းကို အဆုံးထိ ထားလို့  မျက်စေ့ထိခိုက်နိုင်တယ် ။  မတတ်နိုင်

ဘယ်နေ့ သေမလဲ မသိတဲ့ဘ၀  အိုရင်မျက်စေ့မွဲမှာ စိုးရိမ်မနေတော့ဘူး ။ ဒီနည်းကို

ကျနော် သုံးပါတယ် ။ 50% မက အားကုန်သက်သာပီး အကြာကြီးသုံးခံပါကြောင်း..။


Brightness အလင်းကို ဖြစ်နိုင်ရင် အနိမ့် အဆုံးထိထားပါ Auto ကို အမှန်ချစ်ဖြုတ်

အသံမသုံးနဲ့  ( ချက်နေစဉ်မှာပြောတာ.ပလုံ..ပလုံက.. က အား ပိုကုန်တယ် )

PACKET DATA/Wifi / GPS and Location services  မသုံးသေးရင် မဖွင့်ပါနဲ့ 

အားပြည့်အောင်သွင်းပါ အားသွင်းနေစဉ် မသုံးနဲ့  ( သီချင်း ဖွင့်ရင်ပိုဆိုးတယ်)

Vibration မထားပါနဲ့  အဲ့လောက်ဆို ၀ယ်လာတဲ့အတိုင်းသုံးတာထက် တော်တယ်။ 

Bluetooth မသုံးရင် ပိတ်ထားလိုက် ။  နောက်ပီး Account Synchronization Off ပါ



ဖုန်းမှာ ဘက်ထရီမှာ အားအစားဆုံးက စကရင် LED အလင်းပါ ။

အောက်ကလင့်မှာ ပိုအသေးစိတ်ရေးထားပါတယ်..လေ့လာကြည့်ပါ


Ref Link = http://www.android.gs/increase-samsung-galaxy

Google Play Store က Apk တွေကို ကွန်ပျူတာ မှ ဒေါင်းယူနည်း (10000% Working)


ဒီ Post လေးကို ကိုကျော် ရဲ့ဆိုဒ်ကနေပြီး ကူးယူမျှဝေပေးတာဖြစ်ပါတယ်ဗျာ။ ကျွန်တော်ပြည်တွင်းဆိုဒ်တွေ က ကူးယူမျှဝေတာရှားပါတယ်။ အတော်လေးကိုကောင်းမွန်ပြည့်စုံတဲ့ Post ဆိုရင်တော့ကူးယူမျှဝေပေးပါ တယ် အကြောင်းကတော့ မူရင်း Post ပိုင်ရှင်ရဲ့ အရည်အချင်းနဲ့ စေတနာကို Credit ပေးတဲ့သဘောနဲ့ပါ။ ကဲဗျာ ကျွန်တော်လေကြောတွေရှည်မနေတော့ပါဘူး အောက်မှာ ကိုကျော်ကပုံနဲ့တကွအသေးစိတ် ရှင်းပြပေး ထားပါတယ်။လေ့လာကြည့်ပါဦးနော်။
Google Play Store က Apk တွေကို ကွန်ပျူတာကနေ ဘယ်လိုဒေါင်းယူရလဲ ခဏခဏ မေးနေကြလို့  သိပ်အလုပ်မရှုတ်စေတဲ့ နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ် ... 100% အဆင်ပြေပါတယ် ကိုယ်တိုင် စမ်းသပ်ပြီးသားပါ...။
အရင်ဆုံး  ဒီ Download Real APK Leecher ကို ဒေါင်းယူပါ...
Zip ဖိုင်လ်ကိုဖြည်လိုက်ပါ...


ပုံပါအတိုင်း Real APK Leecher ကို Double Click နဲ့ Run လိုက်ပါ....

 

နံပါတ် (1) Google Play Store မှာ မိမိသုံးတဲ့ Gmail / Password နဲ့ Device ID ကို မှန်အောင် ရေးထည့်ပါ...။
 နံပါတ် (2)  မှာ မိမိဒေါင်းယူလိုက်တဲ့ APK တွေကို သိမ်းထားပေးမဲ့ နေရာကို ရွေးပေးလိုက်ပါ..။

Device ID မသိရင် မိမိ Android ဖုန်းကနေ *#*#8255#*#*  ကို ရိုက်ပြီး ရှာပါ....


Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။

အဆင်မပြေရင် ဒီ Download ID.Apk လေးကို ဒေါင်းယူပြီး မိမိ ဖုန်းမှာ Install ပြီး Run လိုက်ပါ ....


Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။ အပေါ်က ပုံနဲ့ အတူတူပါပဲ...။
အားလုံး မှန်ကန်စွာ ရေးထည့်ပြီးပြီဆိုရင်တော့ အောက်နားလေးက Save ကို နှိပ်ပြီး သိမ်းလိုက်ပါ...။ Real APK Leecher ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင်..



 အပေါ်ကပုံအတိုင်း Error Massage လေး တတ်လာမှာပါ ... OK နှိပ်လိုက်ပါ... ဘာမှ မဖြစ်ပါဘူး ...


 မိမိ လိုချင်တဲ့ APP ကို ရေးပြီး Enter ခေါက်ပြီး ရှာလိုက်ပါ...။


လိုချင်တာ တွေ့ပြီဆိုရင် Select မှတ်ပြီး Right Click နဲ့ Download this app ကို နှိပ်ပါ....


App  နာမည်ကို ပြင်ရေးချင်ရင်လည်း ရေးလို့ရပါတယ် ပြီးရင် Save ကို နှိပ်ပါ.......


ပုံပါအတိုင်း Download လုပ်နေပါပြီ... 100% ပြီးရင် မိမိ သိမ်းထားတဲ့နေရာမှာ ရောက်နေပါပြီ...

အားလုံးအဆင်ပြေကြပါစေ...

ခင်မင်လျှက်

Viber ကနေ ကိုယ်မခေါ်စေချင်တဲ့ Viber Call များ ၊ Message များကို Block နည်း


Viber ကနေ ကိုယ်မသိတဲ့သူတွေ ၊ ကိုယ်ဖုန်းမခေါ်စေချင်တဲ့သူတွေက messages တွေ ph call တွေ ဝင်နေ ခေါ် လာနေ လို့ စိတ်အနှောက်အယှက်ဖြစ်နေရင် မလာအောင်လုပ်တဲ့နည်းလေးပါ။ အရင်ဆုံး ရှိပြီးသား viber ထဲကနေ exit(from more option)နဲ့ထွက်လိုက်ပါ။
နောက် ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန်ရိုက် ထည့်တဲ့အခါ မိမိဖုန်းနံပါတ်ရဲ့ နောက် ဆုံး မှာ ဂဏန်းတစ်လုံး အပိုထည့်ရိုက်လိုက်ပါ။ e.g.09400000011 (နောက်ဆုံး 1 ကအပို တလုံးပါ) Viber ကနေ code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ဖုန်းထဲကိုပဲ ဝင်ပါတယ်။နောက်ဆုံး ဂဏန်းက အကျုံး မဝင် ပါဘူး။
Viber အချင်းချင်းအတွက်ကျတော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။ အဲ..viber code ရပီဆိုရင်တော့ မိမိဆီကို messages,ph call တွေခေါ်စေချင်တဲ့သူကို ကိုကအရင် message ပို့လိုက်ပါ။ ဒါမှ မိမိ အပိုထဲ့ထားတဲ့ viber ph နံပါတ်ကိုသူတို့ကသိမှာပါ။
ဒါဆိုရင်တော့ မိမိဆီကို မပို့စေချင်တဲ့ messagesတွေ မလာစေချင်တဲ့ ဖုန်းcallတွေကို ကာကွယ်ပီးသား ဖြစ်ပြီး viber ကြောင့်စိတ်အနှောက် အရှက်ဖြစ်နေတဲ့ ရောင်းရင်းတို့လဲ အေးဆေးဖြစ် သွား ပါလိမ့်ပါမည်။
 Creadit ~ ဂန္ထဝင် ဗိသုကာ ကုမ္ပဏီ
အားလုံးအဆင်ပြေပါစေ.......။

Monday, January 20, 2014

Huawei Y320 internet setting ချိန်နည်းလေးပါ


Huawei Y320-C00
 

CDMA 800 Handset
 

MEC internet setting ချိန်နည်းပါ။
 

Access Point Names ထဲကရှိပြီးသား 

CTWAP ကိုပဲ edit လုပ်ပါ
 

Name - mectel
 

APN - #777
 

Username - card@c800.mm
 

Password - card
 

APN protocol - IPv4/IPv6
 

APN roaming - IPv4/IPv6
 

Bearer - eHRPD
 

ဒါဆို 3G ကွန်နက်ရှင်နဲ့လန်းလို့ရပါပြီ။

မရရင် reboot လုပ်လိုက်ပါ။ ပြန်တက်လာရင် 3G လေးနဲ့ လန်းလို့ရပါပြီ။