Monday, October 12, 2015

COC ကို ကျွန်ပျူတာမှာ auto ကစားမယ်။

COC ကို ကွန်ပြူတာမှာ Bluestacks နဲ့ ဆော့ပြီး clashfarmer နဲ့ Auto farming လုပ်တာလေးတင်ပေးချင်ပါတယ် ။ တစ်ချို့က သိချင်လို့တောင်းထားတဲ့အတွက်ပါ ။ ကျွန်တော့်ထက် တတ်သိသော သူများ ဒီထဲမှာ ရှိနေမှာပါ ။အကယ်၍ အမှားအယွင်ဒ ပါခဲ့ရင်လဲ ကျွန်တော် သိသမျှ လုပ်တတ်သမျှလေး မျှဝေပေးတယ်လို့ပဲ သတ်မှတ်ပေးပါဗျာ ။
http://www.google.com.mm/search…
ဒါကတော့ bluestacks link လေးပါ ။ အဲ့က မရရင်လဲ google မှာ ရှာပြီး download လုပ်နိုင်ပါတယ် ။
http://mars.androidapksfree.com/…/com.supercell.clashofclan…
ဒါကတော့ COC apk နောက်ဆုံး version Link လေးပါ ။ ( Direct Download Link )ပါ ။
http://clashfarmer.com/static/ClashFarmer107f.rar
ဒါလေးက farming လုပ်ပေးမယ့် clashfarmer ဆော့ဝဲလ်လေးပါ ။
၁ ။အရင်ဆုံး bluestacks ကို download ဆွဲပါ ။ ပြီးရင် ကွန်ပြူတာ destop ပေါ်မှာ install လုပ်ပါ ။
၂ ။COC apk ကို ဒေါင်းလုပ်ဆွဲပါ ။ပြီးရင် destop ပေါ်မှာ တင်ထားပါ ။ပြီးရင် double click နှိပ်ပါ ။ bluestacks ထဲမှာ သူ့အလိုလို ၀င်သွားပါလိမ့်မယ်။
၃ ။Clashfarmer ကို download ဆွဲပါ ။ ပြီးရင် zip file ကို destop မှာဖြေလိုက်ပါ ။
၎ ။bluestacks ထဲမှာ google အကောင့်ထည့်ပါ ။ (ထည့်ပုံထည့်နည်းလေး ပုံနဲ့ရှင်းပြပေးပါမယ် )
၅ ။ bluestacks ထဲက COC icon လေးကိုနှိပ်ပြီး စဆော့လိုက်ပါ ။ ပထမဆုံးတွေ့ရမှာက အစကနေပြန်စဆော့ရပါလိမ့်မယ်။ setting ပေါ်တဲ့အထိ ဆော့ပေးလိုက်ပါ ။ပြီးရင် setting ထဲကနေ google sign in ဆိုတဲ့ဟာလေးနှိပ်ပြီး ကိုယ့်အကောင့် ပြန်ချိန်းလိုက်ပါ ။ ဒါဆို ကွန်ပြူတာပေါ်မှာ COC ဆော့လို့ရသွားပါပြီ ။
၆ ။Clashfarmers ကို setting ချိန်ပါ ။ (အဲ့တာကိုလဲ ကျွန်တော် ပုံတင်ပေးပါ့မယ်။ ကျွန်တော်ထားတဲ့ setting ပုံစံလေးကိုပါ။ မကြိုက်ရင်လဲ ချိန်းလို့ရပါတယ် )။ ပြီးရင် start boot လုပ်လိုက်ပါ ။
၇ ။စလုပ်လုပ်ခြင်းမှာ သူက TH တွေ ၊army camp တွေမေးပါလိမ့်မယ် ။သူမေးတဲ့အခါ သူမေးတဲ့ ဟာကို mouse နဲ့ ကလစ်ပေးလိုက်ပါ ။ ပထမဆုံးအကြိမ်ပဲမေးမှာပါ နောက်ပိုင်း boot ရင်မမေးတော့ပါဘူး ။
၈ ။ ပုံတွေကို အဆင်ပြေသလိုလေးပဲတင်ပေးလိုက်ပါပြီ ။