Saturday, May 11, 2013

Window 7 မှာ CD/DVD ROM မပေါ်ရင်

Window 7 မှာ CD/DVD ROM မပေါ်ရင်

ကျွန်တော်က Window 7 Ultimate သုံးပါတယ်။ ကွန်ပျူတာသုံးနေရင်းနဲ့ My Computer မှာ C:,D: ပဲတွေ့တယ် Asus Dvd Rom တပ်ထားတယ်ပေါ့ မတွေ့ပါလား ဆိုပြီး စက်ကို Restart ချကြည့်လိုက်တယ် စက်ပြန်တက်တော့လည်း Dvd Drive ကိုမတွေ့ပြန်ဘူး ဒါနဲ့ Rom ပဲမကောင်းတာဖြစ်မယ်ဆိုပြီး တခြားစက်က Rom ကိုဖြုတ်တယ် မရတဲ့စက်မှာ ပြန်တက်ကြည့်တယ်မရဘူးဗျ လုံးဝ ကိုမပေါ်ဘူး။ကြိုးတွေလည်းလဲတာပေါ့ လုံးဝကိုတက်မလာတာ ဒါနဲ့ အင်တာနက်မှာ ဟိုရှာသည်ရှာလုပ်ကြည့်တော့ပြဿနာကိုတွေ့ပါတယ်။ သိပြီးသားသူတွေကတော့ အသုံးဝင်မှာ မဟုတ်ပါဘူး မသိသေးတဲ့ သူတွေ အတွက်ဆိုပြီး တင်လိုက်တာပါ သူငယ်ချင်းတို့စက်မှာ DvD Rom မပေါ်ရင် အရင်ဆုံးRun Box ထဲမှာ regedit လို့ရိုက်ထည့်လိုက်ပါ ပြီးရင် HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}
Then delete the upper and lower filters....
 စက်ကို Restart ချကြည့်လိုက်ပါ My Computer ကို ၀င်ကြည့်လိုက်ပါ
DvD Rom ကိုပေါ်နေတာ တွေ့ရပါလိမ့်မယ်။

    
                                       အေးချမ်းပျော်ရွှင်ကြပါစေ။

No comments:

Post a Comment